စမ်းချောင်းမြို့နယ် Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး Talk Show ကျင်းပ

စမ်းချောင်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် စမ်းချောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးအေးလင်းနှင့်ဦးရာဇာအောင်တို့က ဆွေးနွေးခဲ့ကြရာ ယခုရာသီမှာမိုးဦးကျကာလဖြစ်၍သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုများ တစ်နှစ်ထက်တစ်နစ်တိုး၍ဖြစ်ပွားလာကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူနှင့်အသက်အိုးအိမ်စည်းစိမ်များများစွာ ပျက်စီးဆုံးရှုံးစေနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်မှာကြိုတင်ခန့်မှန်း၍မရကြောင်း၊ မိုးလေဝသနှင်ဇလဗေဒဦးစီးဌာန၏သတင်းထုတ်ပြန်ချက်များအား ပြည်သူများမှမျက်ခြေမပြတ်နားစွန့်ပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

စမ်းချောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတရရှိရေးနှင့် အရေးပေါ်အသိပေးထုတ်ပြန်ချက်များအား ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Sanchaung Page များမှအချိန်နှင့်တစ်ပြေးညီထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးလင်း