မန္တလေး မေ ၁၀
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)တို့ ပူးပေါင်း၍ ဆရာတိုးလှ၏ မြန်မာ့ကျင့်ဝတ်သိက္ခာနှင့် လူမှုတန်ဖိုးစာအုပ်ကို စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်(Book Club)အသင်းအဖွဲ့ဝင် ဆရာမင်းမြတ်နိုး(မန်းမြေ)က မြန်မာ့မိသားစုစံနစ်နှင့် မင်္ဂလာတရား ရှေးဟောင်းပညာရေးစံနစ်ကပေးသော ကိုယ်ကျင့်တရား၊ လောကနီတိ လူမှုအဖွဲ့အစည်းခေါင်းစဉ်များဖြင့် ဆွေးနွေးပြီး ဆရာလှမြင့်က ရှေးဟောင်းမြန်မာ့ပညာရေးစံနစ်နှင့် ဘုန်းတော်ကြီးအကြောင်း ပညာရေးစံနစ်၏ ဦးတည်ချက်အကြောင်း၊ ဆရာထွန်းက ဆယ့်နှစ်လရာသီပွဲတော်များနှင့် မြန်မာ့လူမူတန်ဖိုးပွဲများအကြောင်း၊ ဗုဒ္ဓ၏အဆုံးအမတရားတော်များအကြောင်း ခေါင်းစဉ်များဖြင့်ဆွေးနွေးရာ တက်ရောက်လာသူများ၊ စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်