မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မြောက်ဦး   မေ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့ ပြုလုပ်ခဲ့သည်။

မုန်တိုင်းကျရောက်လာပါက ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် အချိန်နှင့် တပြေးညီ ရှာဖွယ်ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊ လေးထိုးဘုတ်များ၊Speed Boat၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက် ကယ်ကြိုးထားရှိမှုတို့ကို ပျက်စီးမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မုန်တိုင်းဒဏ်ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ လူ၊အဆောက် အဦးများ ပျက်စီးမှုလျော့နည်းစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများ ကြိုင်တင်ဖွဲ့စည်းထားခြင်း၊ မုန်တိုင်းအသိပညာပေးလက်ကမ်းစာစောင်များနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩခြင်းတို့ကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့်အပြင် မုန်တိုင်းကျရောက်လာပါက မီးသတ်ဦး စီးဌာနအနေဖြင့် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ နယ်မြေခံတပ်မမှူး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေ အနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)