မြင်းခြံ မေ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျောင်းသားလူငယ်များ အားလပ်အချိန်အတွင်း အတတ်ပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရောင်စုံစက္ကူပန်းအလှခေါက်နည်းသင်တန်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
"ကျောင်းသားလူငယ်များ အားလပ်ချိန်အတွင်း အတတ်ပညာဗဟုသုတ ရရှိစေရန်အတွက် ရောင်စုံစက္ကူဖြင့် ပန်းပွင့်ပုံ အလှခေါက်နည်း၊ အရုပ်ခေါက်နည်းများအပြင် မိမိတို့အိမ်မှာ အလှချိတ်နိုင်ရန်အတွက် မီးပုံးခေါက်နည်းများအပြင် မိမိတို့ စိတ်ကူးဖြင့် မိမိတို့ကြိုက်နှစ်သက် သည့် ပုံစံများကို ရောင်စုံစက္ကူများဖြင့် ပုံဖော်နိုင်အောင်အထိ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်" ဟု သင်တန်းနည်းပြဆရာမ ဒေါ်သွယ်သွယ်စိုးက ပြောသည်။
အဆိုပါ ရောင်စုံစက္ကူပန်းအလှခေါက်နည်းကို (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)