ကျောက်ဆည် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှစ်တစ်ပြေးညီ အလျင်အမြန်တုံ့ပြန်ကူညီ ဆောင်ရွက်နိုင်ရေး မေ(၉)ရက်နံနက် (၈)နာရီက ခရိုင်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစောလွင်အေး ဦးဆောင်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေး ပစ္စည်းများ စုဖွဲ့ထားရှိကြောင်း သိရသည်။
ထိုသို့စုဖွဲ့ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက သစ်ပင်ပြိုလဲမှုများ ခုတ်ထွင်ရှင်းခြင်း၊ ပြိုကျ အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ဝင်ရောက်ကူညီကယ်ဆယ်ရန်အတွက် အသုံးပြုမည့် ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ၊ အသက်ကယ်ကြိုး (၃၀၀)ပေ၊ (၁၀၀)ပေ၊ (၅၀)ပေ၊ (၃၀)ပေ၊ (၁၄)ပေ ကြိုးများနှင့် Line Shotter, Stabilizer, B.A. Set, Air Filling Machine (အကြီး/အသေး)၊ Search Light (အကြီး)၊ Stretch Light, Anchor Plate, Doble Pully, Single Pully, Figure 8, Webbing 200 cm, Harness အစရှိသည့်ပစ္စည်းများ အသင့်စုဖွဲ့ ထားရှိကြောင်း သိရသည်။
သက်မောင်