စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား MOCHA မုန်တိုင်းဘေးအန္တရာယ်မှ  ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် အသိပေးကြေညာခြင်းဆောင်ရွက်

စမ်းချောင်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ MOCHA မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် အသိပေးကြေညာခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ MOCHA မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် အသိပေးကြေညာရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်း၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများပူးပေါင်းကာ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၈) ရပ်ကွက်အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

နီလာစိုး