မြောက်ဦး မေ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၉ နာရီအချိန်က အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းကြောင့် ချောင်းအတွင်းမျောပါပြီး ရေနစ်မြုပ်နေသူများအား ရှာဖွယ်ကယ်ပေးခြင်း၊ ပြည်သူ့များ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)