ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသိပညာပေး (Talk Show) ကျင်းပ

ချမ်းမြသာစည်  မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) တွင် မိခင်နှင့် အနာဂတ် ရင်သွေးငယ်များ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် ၁၃:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ကလေးငယ်များ အနာဂတ် ဖွံ့ဖြိုးတိုးတတ်ရေး၊ ယဉ်ကျေးလိမ္မာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ ဖြစ်ပေါ်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေရေး၊ ပညာကို ကောင်းစွာ သင်ယူတတ်မြောက်စေရေးစသည့် အကြောင်းအရာတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် စာရေးဆရာမ မြကြာဖြူ (မြစ်ငယ်/မူကြို)တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်းစည်)