သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သာစည် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ  အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးမြင့်စိန်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲတာဝန်ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ဆက်လက်ပြီး မြို့နယ်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း တာဝန်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများအားပေးအပ်သည်။ သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းများအားတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၇၆ ခုကို ဌာန ၉ ခုဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဝင်များ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)