တနိုင်းမြို့နယ် နွေရာသီကျောင်းပိတ်ရက်ကာလ အ‌‌ခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးလျက်ရှိ

တနိုင်း မေ ၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအ‌ခြေခံပန်းချီပညာသင်တန်းကို ဧပြီလမှ စတင်ဖွင့်လှစ်လျက်ရှိရာ  ‌ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် တနိုင်းမြို့ community centre ခန်းမ၌ ဆက်လက် ဖွင့်လှစ်ပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများနွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာကို အ‌ခြေခံမှ စပြီးသိရှိကာ စနစ်တကျရေးဆွဲတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးကောင်းထက်လွင်က အခြေခံပန်းချီရေးဆွဲနည်းကို အခြေခံမှစတင်ကာ လက်တွေ့သင်ကြားပေးလျက်ရှိသည်။ သင်တန်းသို့ အ‌ခြေခံပညာကျောင်းမှ မှုလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးခန့်က စိတ်၀င်တစား  သင်ယူလျက်ရှိကြောင်းသိရသည်။

 

ပိုင်ထွန်း(တနိုင်း)