ကျောက်ဖြူခရိုင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်ဖြူ မေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုများထံသို့ အချိန်နှင့်တစ်ပြေးညီ ကြိုတင်အသိပေးဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်က  သဘာဝဘေးမကျရောက်မီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေး အစီအစဉ်များကို မီဒီယာ နည်းလမ်းများ အသုံးပြု၍ ပြည်သူလူထု အသိပညာ ရရှိစေရေး ဆောင်ရွက်ခြင်း၊ သတင်းအချက်လက်များ ဖြန့်ဝေခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝဘေး အမျိုးအစားအလိုက် ကြိုတင်သတိပေး ကွန်ရက်စနစ်များ တည်ဆောက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း ကြိုတင်သတင်းရရှိအချိန်တွင်  သတင်းထုတ်ပြန်ချက်များ၊ သတိပေးချက်များ၊ ကြေညာချက်များကိုလည်း ပြည်သူလူထုထံ အသိပေးဆောင်ရွက်ခြင်း၊ သဘာဝဘေး ကျရောက်သည့် ဒေသများသို့ မြေပြင်သတင်းအချက်အလက်များရရှိစေရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ဖွဲ့စည်းထားသည့် Mobile Team ဖြင့် လိုက်ပါ၍ သတင်းထုတ်ပြန်ရေးလုပ်ငန်းမျာ းဆောင်ရွက်ခြင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၁၁)ရပ်အား ကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ရာ  ပြည်သူလူထုထံ မှန်ကန်သော သတင်းအချက်လက်များကို ပူးပေါင်းဖြန့်ဝေဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)