ကျိုက်ထို မေ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး မေ(၉)ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးသည့် နည်းလမ်းများကို ပြည်သူများသိရှိစေနိုင်ရန်ရည်ရွယ်၍ Talk Show အစီအစဉ်ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြီးဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကို အရောင်ဖြင့်သတိပေးစနစ်များစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်