တံတားဦး မေ ၁၀
တံတားဦးခရိုင် ၊ တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက် သဘာပတိ ဦးညွန့်ဝေက အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို အသင်းသူ ၊ အသင်းသားများမှ ယခင်ထက် လုပ်ငန်းပိုမို တိုးတက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အသင်းသူအသင်းသားများ၏ မိသားစုဝင် ကျောင်းသား /သူများအနေအဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ခဲ့သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများကို ထိုက်တန်စွာ ဆုချီးမြှင့်ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဒါ့အပြင် ဂျီအီးစီ(ပညာရေး)မှ အသင်းသူ အသင်းသားများအနေဖြင့် မိမိတို့၏ အသင်းအား ရေရှည်တည်တံ့ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး ၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်မှ အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည် ။
ဆက်လက်၍ တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့ဝင် ဦးရဲမောင်က ဘဏ္ဍာရေးအစီရင်ခံစာများကိုလည်ကောင်း ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ တင်သွင်းသော ဘဏ္ဍာရေးအစီရင်ခံများကို သဘာပတိမှ အသင်းသား၊ အသင်းသူများထံ အတည်ပြုချက် ရယူသည် ။ ထို့နောက် တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၈)ဦးအား မြို့နယ် သဘာပတိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည် ။
တံတားဦးမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သော (၁) ဘာသာဂုဏ်ထူးမှ ဘာသာစုံ အောင်ခဲ့ကြသော ကျောင်သား၊ ကျောင်းသူ(၈)ဦး ရှိပါကြောင်း၊ ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းတွင် အသင်းသား /သူ စုစုပေါင်း(၇၆၀)ဦးရှိကြောင်းလည်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)