ဗိုလ်တထောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံအရောက်ဖြန့်ဝေ

ဗိုလ်တထောင် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်(၄၁)လမ်းရှိ ပျံကျစျေးတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လက်ကမ်းစာစောင်များကို ပြည်သူများထံအရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အဖြူရောင်ကမ်းလက်နှင့် MZK လူမှုကူရေးအသင်းအဖွဲ့ဝင်များက စျေးရောင်း/ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ရပ်ကွက်နေပြည်သူများထံသို့ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်အား ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှထုတ်ဝေထားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်းများအတွက်ကြိုတင်ပြင်ဆင်ရေး၊ အန္တရာယ်ကျရောက်စဥ် ကျရောက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပုံများ၊ စာများ ဝေဝေဆာဆာပါရှိကြောင်း သိရှိရသည်။

မောင်အေးချမ်း