ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဘီးလင်း မေ ၁၀

မွန်ပြည်နယ်ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက  ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုလုပ်ငန်း  ကော်မတီ ဥက္ကဋ္ဌ ဦးစည်သူအောင်က  သဘာဝဘေး  ကြိုတင်ကာကွယ်နိုင်ရေးအတွက်    သဘဘေး   မဖြစ်မီ သက်ကြီးဘိုး ဘွားများ ၊ နာတာရှည်ရောဂါရှိသူများ ၊  မြစ်ကမ်းပါးနှင့်   နီးစပ်နေသော   နေအိမ်များ   ကြိုတင်ပြောင်းရွေ့စီမံဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်လာလျှင် ရပ်ကွက်၊ ကျေးရွာများမှ ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းထားရေး၊ ပြိုကျပျက်စီးနိုင်သည့်  နေရာများတွင် နေထိုင်ခြင်းမှ ရှောင်ရှားခြင်းနှင့် သဘာဝဘေးဖြစ်လာပါက လုံခြုံစိတ်ချသောနေရာများတွင် နေထိုင်သွားနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာအဖွဲ့အစည်းများက မိမိတို့ကြိုတင်ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။  အဆိုပါဆွေးနွေးပွဲသို့     မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)