စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်

စဉ့်ကူး   မေ    ၁၀

မန္တလေးတိုင်းဒေသကြီး၊  စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်ရန် မေလ ၇ ရက်နေ့မှစ၍ ယနေ့အထိအသင့်စုဖွဲ့လျက် မပြတ်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများအပြင် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းများအား အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အသင့်စုဖွဲ့လျက် မပြတ်လေ့ကျင့်လျက်ရှိကြောင်း စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းပြည့်ကျော်ထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)