မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ (အခမဲ့) ငှားရမ်းပေး

မာန်အောင် မေ ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့်  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား ( အခမဲ့) ငှားရမ်းပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊  စသည့် စာအုပ်၊စာစောင် (၉၀)ကျော်ဖြင့် ကွင်းဆင်းပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား (အခမဲ့) ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင် အခမဲ့ ငှားရမ်းပေးခြင်းကို အပတ်စဉ် ပုံမှန်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)