ရွှေပြည်သာ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းများဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်သန္ဓနှင့် အရန်မီးသတ်အင်အားတပ်စုတစ်စုစာကို ရွှေပြည်သာမြို့နယ်တွင် အသင့်စုဖွဲ့ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင်လည်းပြင်ဆင်ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးသွင်ယုနိုင်ထံမှ သိရသည်။
ထိုသို့ မီးသတ်အင်အားတပ်စုတစ်စုစာစုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုအား ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးသွင်ယုနိုင်က ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)