လွိုင်လင်ခရိုင် (Community Centre) ခန်းမတွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

လွိုင်လင် မေ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)  လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူ (Book Club) နှင့် (Youth Club) အသင်းဝင်များ ပူးပေါင်း၍  ယမန်နေ့မွန်းလွဲ နာရီအချိန်က (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်လောကဇာတ်ခုံပေါ်မှာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် (ဦးစီးအရာရှိ) ဒေါ်နန်းပြည့်စန္ဒီမြင့်မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း အပေါ်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး  Book Club အသင်းဝင် မောင်နေလင်းဆွေမှ  လောကဇတ်ခုံပေါ်မှာ ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးပေးပြီး Youth Club အသင်းဝင် ဦးကျော်သက်  စာဖတ်ပါခေါင်းစဉ် ဖြင့်လည်းကောင်း၊ မောင်ဇော်မျိုးမြင့်မှ စာပေနှင့်မွေ့လျော် ခေါင်းစဉ်ဖြင့်လည်းကောင်း  ဆွေးနွေးပေးခဲ့ကြပြီးနောက် တက်ရောက်ကြသည့် အသင်းဝင်များက   ဆွေးနွေးသုံးသပ်မှု အပေါ်   မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးခဲ့ကြသည်။

လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းအပြင် ပြည်သူ့အကျိုးပြု ဆွေးနွေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)