မုဒုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မုဒုံ မေ ၁၀

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော်အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နေ့လယ် ၁ နာရီက ပင်လယ်ဆိပ်ကမ်းကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာများအတွင်းရှိ ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏အခြေအနေ၊ ဦးတည်ရွေ့လျားရာလမ်းကြောင်းနှင့် ရာသီဥတုအခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)