ဘူးသီးတောင် မေ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမနေ့ညနေပိုင်းအချိန်က သောက်/သုံးရေ ပြတ်လပ်လျက်ရှိသော ဘူးသီးတောင်မြို့နယ ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းကျေးရွာသို့ ရေဂါလံ(၁၆၀၀)ခန့် လှူဒါန်းခဲ့ကြသည်။
အဆိုပါ သောက်/သုံးရေ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင် ဦးဆောင်၍ ဝန်ထမ်းများ ပူးပေါင်းကာ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော ဒုံးသိမ်ကျေးရွာသို့ ရေဂါလံ (၁၆၀၀)ခန့် လှူဒါန်းရာ ကျေးရွာသူ/သားများက ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် ဒုံးသိမ်းကျေးရွာရှိ သောက်သုံးရေကန်များမှာ ယခင်နှစ်များတွင် ခန်းခြောက်မှု မရှိဘဲ ယခုနှစ်တွင် ခန်းခြောက်လာသောကြောင့် သောက်/သုံးရေ ရှားပါးပြတ်လပ်လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)