ဆွမ်ပရာဘွမ် မေ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အခမ်းအနားတွင် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ ကယ်ဆယ်ခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်လေ့ကျင့် ထားရန်၊ မိမိကျရာ ဖွဲ့စည်းတာဝန်အပ်ထားသော ကော်မတီဝင်များက အချင်းချင်းချိတ်ဆက်ပြီး အချိန်နှင့် တစ်ပြေးညီ ပူးပေါင်းပါဝင်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည်များ အချင်းချင်းညှိနှိုင်း ဆွေးနွေးခဲ့ကြရာ မိုးလေဝသသတင်းများကို ဂရုစိုက်နားထောင်ကြရန်၊ အိမ်ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အပင်၏ အကိုင်း အချက်လက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားကြရန် ပါဝင်ဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ပြန်/ဆက်)