လဲချား မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီအချိန်က စည်ပင်သာယာမြို့မစျေးရှေ့၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင် ဝန်ထမ်းများမှ မုန်တိုင်အန္တရာယ်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် အချက်များပါဝင်သော အသိပညာပေးလက်ကမ်းစာစောင် အစောင်ရေ (၁၀၀) ကို မြို့မစျေး၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)