ကျောက်တန်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမအကြိမ် ပိုက်ချက်များတင်ဒါစနစ်ဖြင့်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် အဆိုပါငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သန်လျင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဌာနမှူးဦးအေးနိုင် ကျောက်တန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခင်ဝင်း၊ ကျောက်တန်းမြို့နယ်ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကိုကိုဦးနှင့် တင်ဒါအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အဆိုပါပထမအကြိမ်တင်ဒါရောင်းချမည့်ပိုက်ချက်အရေအတွက်မှာ (၁၁၉)ချက်ဖြစ်ပြီး ရောင်းချရသည့်ပိုက်ချက်အရေအတွက်မှာ (၁၁၂)ချက်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)