ခရမ်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အိအိငြိမ်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုဆွေးနွေးပြီး လက်တစ်လောဖြစ်ပေါ်နိုင်သည့် သဘာဝဘေး အမျိုးအစားများနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ၊ မုန်တိုင်းသတိပေးချက် အရောင်အညွန်းနှင့်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းမဖြစ်မီကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့်အချက်နှင့် လိုက်နာရန်အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ပြုလုပ်ရန်အချက်များကို ပြည်သူများသိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေးဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ခရမ်း)