ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအပေါ် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ

ပုဗ္ဗသီရိ မေ ၁၀

ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှုအား သရုပ်ပြခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိမှုအား သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ကျော်နှင့် ဦးသန်းငွေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့မှ ဘာဝဘေးကျရောက်ပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိသရုပ်ပြမှုကို ကြည့်ရှုစစ်ဆေးရာ မီးသတ်ဦးစီးမှူး ဦးညီညီဝင်းမှ ရှင်းလင်းပြသခဲ့​ပြီး တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)