မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ပိုစတာစိုက်ထူ ဖွင့်လှစ်ပွဲ ပြုလုပ်

မဟာအောင်မြေ မေ ၁၀

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပညာရေးမှူးက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံ ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ပိုစတာစိုက်ထူ ဖွင့်လှစ်ပွဲကို မေလ(၈)ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူး ရုံးအရှေ့မျက်နှာစာ လူစည်ကားရာ‌တွင် ပြုလုပ်သည်။

၎င်းကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်နှင့် ပညာရေးဌာနဝန်ထမ်းများ၊  (ထက်၊လယ်၊မူ) ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး တက်ရောက်ချီးမြှင့်ပေးကြပြီး ၂၀၂၃ခုနှစ်၊ မေလ(၂၃ရက်နေ့မှ၃၁ရက်)အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။

အောင်ဇော်မင်း