ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

ပေါင် မေ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့‌ နေ့လယ် ( ၁ ) နာရီခွဲက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပေါင်မြို့နယ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲသိန်းလွင်က သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ သတ်မှတ်အရောင်များကို ပြည်သူများက ဂရုစိုက်ကြဖို့လိုအပ်ပါကြောင်း၊ မုန်တိုင်းကြိုတင်ကာကွယ်ရေးအတွက် ရေဒီယိုကထုတ်လွှင့်‌သော မိုးလေဝသသတင်းကို အချိန်ပြည့်ဖွင့်လှစ်နားထောင်ကြရန်၊ မြို့နယ်အနေဖြင့် ဖွင့်လှစ်ရန်စီစဉ်ထားသော ကယ်ဆယ်ရေးစခန်းကို သိရှိထားရန်လိုအပ်ပါကြောင်း မုန်တိုင်းမဖြစ်မီကဆောင်ရမည့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ လက်နှိပ်ဓာတ်မီး၊ မိမိတို့လက်ကိုင်ဖုန်းများ၊ ရေလုံဗူးများစသည်များ၊ မတော်တဆ မုန်တိုင်းဒဏ်ခံခဲ့ရပါက ထောက်ပံ့မှုများရရှိရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူး ဦးစီးဌာနသို့ ဆက်သွယ်ကြရန်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)