ဗိုလ်တထောင် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၄၅)လမ်းရှိ ရန်ကုန် YMCA ခန်းမ၌ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအောင်မျိုးသန့်မှအဖွင့်အမှာစကားပြောကြားရာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင်ကြိုတင်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းလိုအပ်သည်များ တင်ပြဆွေးနွေးရာ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြတ်ဖူးခင်