ကျိုက်ထိုမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ကျိုက်ထို  မေ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ်ကလေး အားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ထူပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျိုက်ထိုမြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းပေးခြင်းကို မြို့နယ်ပညာရေးမှူးဦးမောင်ညို၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးစိုးမိုးအေးနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆိုင်းဘုတ်ထူပွဲသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)