ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

ကျိုက်ထို မေ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို မေလ ၉ ရက် နံနက် ၈:၃၀ နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ပွဲတွင် ကျိုက်ထိုခရိုင်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်ချိုဝေလွင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကျိုက်ထိုခရိုင်အတွင်းရှိ ကျိုက်ထိုမြိုနယ်နှင့် ဘီးလင်းမြိုနယ်ရှိ ဝန်ထမ်းများနှင့်မိသားစုဝင်သားသမီးများ တက်ရောက်ကြပြီး သင်တန်းတွင် ဗုဒ္ဓဝင်အကျဥ်း(မှတ်စု)ဘုရားရှိခိုးခြင်းမင်္ဂလသုတ်နှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များကို မေလ ၉ ရက်နေ့မှ (၁၀)ရက်နေ့ထိ (၃) ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)