ဇမ္ဗူသီရိ မေ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက သပြေကုန်းစျေးအနီးနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိုက်ထူပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၃) ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါ ကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)