ကလောမြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကလော မေ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်  ၁၀ နာရီက သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးရာတွင် မြန်မာ့အလင်းသတင်းစာထဲမှ ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခေါင်းစဉ်ပါအကြောင်းအရာ များကို စာကြည့်တိုက် လက်ထောက်(၃)ဒေါ်ယဉ်ယဉ်ထွေးက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာ နိုင်သည်ဟု ခန့်မှန်းရသည်။ သင်္ချာပုံစံပြု မော်ဒယ်များ၏ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပါသဖြင့် မေ ၉ ရက်မှ မေ ၁၄ ရက်အထိ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၉၀ ခန့်အထိ ဟိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

ယခုအချိန်တွင် မုန်တိုင်းစတင်အစပျိုးခြင်း မရှိသေးပါသဖြင့် ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data နှင့် ခန့်မှန်း တွက်ချက်သည့် မော်ဒယ်တို့အပေါ်မူတည်၍ မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ)က အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ရန် အကြံပြုချက်များ ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)