ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကျင်းပ

ချောင်းဆုံ မေ ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ်ထူခြင်းကို ယနေ့နံနက် ၉:၀၀နာရီက မြို့နယ်အတွင်းရှိ ပညာ‌ရေးမှူးရုံးရှေ့နှင့်လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှလိုက်လံစိုက်ထူခဲ့ကြသည်။

အဆိုပါဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့် ပညာရေးဌာနမှ (ထက်၊လယ်၊မူ)ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း၊ ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့မှ စတင်၍မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့စတင်၍ကျောင်းစတင်ဖွင့်လှစ်ပြီး စာသင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချောင်းဆုံ(ပြန်/ ဆက်)