လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး မေ ၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းများသိရှိနားလည်ပြီး ရည်မှန်းချက်တာဝန် များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယ​နေ့မွန်းလွဲပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းအောင်က ဝန်ထမ်းများ  စာဖတ်သည့် အလေ့အကျင့်ကောင်များ စွဲမြဲစေရန်၊ ရုံးလုပ်ငန်းများကို သိရှိနားလည်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်အခန်း(၁၃)ပါ လုပ်ငန်း မှတ်တမ်းရေးသားခြင်း၏ ရည်ရွယ်ချက်၊ အထွေထွေရှင်းလင်းချက်၊ လုပ်ငန်းမှတ်တမ်း ရေးသားပြုစုနည်း၊ ပါဝင်ရမည့်အကြောင်းအရာများ၊ သတိပြုရန် အချက်များနှင့် ဖြန့်ဝေးခြင်း အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)