မင်္ဂလာဒုံ အောက်တိုဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အ.ထ.က(၁)ကျောင်း Community Based Facility Quarantine Centre တွင် သီးခြားနေထိုင် စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိရာ ကန့်သတ် စောင့်ကြည့်သူများနှင့် စေတနာ့ဝန်ထမ်းများအတွက် နေ့စဉ် စားသောက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လည်း တာဝန်ရှိသူများမှ ကြီးကြပ်စီစဉ်ပေးလျက်ရှိပြီး စေတနာရှင်များမှလည်း လာရောက် လှူဒါန်းပေးလျက် ရှိပါသည်။
လှူဒါန်းရာတွင် အ.ထ.က(၁)ကျောင်း Community Based Facility Quarantine Centre ရှိ ကန့်သတ်စောင့်ကြည့်သူများ နှင့် စေတနာ့ဝန်ထမ်း ( ၂၁၀) ဦးအတွက် နေ့စဉ့် နံနက်စာ ၊ နေ့လယ်စာ နှင့် ညစာများကို အလှူရှင်များက အောက်တိုဘာ ၉ ရက်နေ့ထိ အသီးသီး လာရောက်လှူဒါန်းထားရာ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လက်ခံရယူခဲ့ကြောင်း အလားတူ ကျိုက္ကလော့ရွှေမင်းဝံဘိုးဘွား ရိပ်သာမှ ခေါက်ကုတင်တစ်လုံးကျပ် (၂၇၀၀၀)ဖြင့် အလုံး(၃၅)လုံးအား လာရောက်လှူဒါန်းရာ လက်ခံရယူပြီး အဆိုပါ လှူဒါန်းမှုများအား Quarantine Centre မှ တာဝန်ရှိသူများက ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့ကြသည်။
ဇင်ငြိမ်း(ပြန်ဆက်)