ပျဉ်းမနား - အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် ပြည်သူ များ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှု များကို ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေး ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မြင့်နှင့် အဖွဲ့ ဝင်များ၊ ပျဉ်းမနား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းရွှေနှင့် တာဝန်ရှိသူများက ပျဉ်းမနား မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာ ထားသည့် မဲဆန္ဒရှင် စာရင်း များအား ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ အနေဖြင့် မဲစာရင်းတွင် အမည်မပါဝင်မှုများ၊ ကိုယ်ရေးအချက်အလက်မှား ယွင်းနေမှုများနှင့် မပါဝင်သင့်သူများ ပါဝင်နေ မှုများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက် သွားကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက် သည့် ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွား ကြရန် မှာကြားသည်။
ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စု၊ ကျေးရွာ(၁၄၀)ရွာတွင် မဲရုံပေါင်း (၁၀၁)ရုံ ရှိပြီး၊ မဲဆန္ဒရှင်(၁၃၂၃၂၅)ဦးရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)