ကာလိမြို့၌ e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကာလိ မေ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ e-IDစနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီအချိန်ခန့်က လူစည်ကားသည့် စည်ပင်သာယာမြို့မဈေးကြီးရှေ့နှင့် အမှတ်(၂)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးတွင် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကာလိမြို့ရှေ့တန်းရုံးတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းထွန်းဆာနှင့်ဝန်ထမ်းများက နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့်သက်ဆိုင်မှုမရှိပါ နိုင်ငံအတွင်းနေထိုင်သူအားလုံးကို UID နံပါတ်ထုတ်ပေးခြင်းဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးလက်ကမ်းစာစောင်စောင်ရေ(၂၀၀)စောင် အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် "UID(Unique Identity) နံပါတ်ဆိုသည်မှာ"၊ "UIDနံပါတ်ထုတ်ပေးခြင်း"၊ နိုင်ငံအတွင်းနေထိုင်သူအားလုံး e-ID စနစ်ဖြင့် ဝန်ဆောင်မှုးများကိုယ်စီရယူကြပါစို့ "အကျိုးကျေးဇူးများ" " e-ID စနစ်ဖြင့်လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်ကြပါစို့""e-ID စနစ်၏ အဓိကရည်ရွယ်ချက်" နှင့် "e-ID စနစ် အကောင်ထည်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်" စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)