ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဗူးဘုရားစေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းပြီးမြောက်

ညောင်ဦး  မေ  ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည့် ဗူးဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်ခြင်း မေ ၈ ရက်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးမြောက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ထားသည့်ဗူးဘုရားစေတီတော်ကြီးရွှေသင်္ကန်းကပ်လှူပူဇော်ပြီးမြောက်ခြင်း ကြည့်ရှုစစ်ဆေးခြင်းအား ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက် ကြည့်ရှုစစ်ဆေးပူဇော်ခဲ့ကြကြောင်းသိရသည်။

ဗူးဘုရားသည် ပုဂံရာဇဝင်တွင် ပျူစောထီးမင်း၏အကြောင်းအရာတွင်ပါဝင်သော ပုဂံပြည်တွင် ရှူးပျံ၊ ဗူး၊ ဝက်၊ ကျားနှင့်ငှက်ကြောင့် ပျက်လုဘနန်းဖြစ်ခဲ့ရသော ရန်သူကြီးငါးဦးအနက် အပါအဝင် ရန်သူဗူးပင်ကြီးကို နှိမ်နင်းသောနေရာတွင် ကျား၊ရှူး၊ဗူး ၊ဝက်၊ထီးလိုင်ငှက်ကိုနှိမ်နင်းသော ၐပျူစောထီးမင်း၏ကောင်းမှုဗူးဘုရားဖြစ်ပေါ်တည်ထားကိုးကွယ်ခဲ့ကြောင်း ဗူးဘုရားဂေါပက ဥက္ကဋ္ဌ မှရှင်းပြသည်။

ဗူးဘုရားစေတီတော်ကြီး ရွှေထီးတော်နှင့်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာသို့ မြန်မာပြည် အရပ်ရပ်မှ ကုသိုလ်ရှင်များပါဝင်လှူဒါန်းခဲ့ကြပြီး ရွှေဆိုင်းပေါင်း(၆၂၈)ဆိုင်း ကပ်လှူပူဇော်၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြောင်း ရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ခုနှစ်ရာဆယ်တစ်သိန်းတိတိကုန်ကျကပ်လှူခဲ့ကြောင်း ဗူးဘုရားဂေါကပအဖွဲ့ထံက သိရသည်။

ဒီပါလင်း