ပေါင်မြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပေါင် မေ ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အသိပညာပေး ဆွေနွေးပွဲပြုလုပ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကြက်ခြေနီအသင်း၏ရည်ရွယ်ချက်များနှင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)