တပ်ကုန်းမြို့၌ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံရေး အသိပေးနှိုးဆော်

တပ်ကုန်း မေ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်များအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်(အိုမီခရွန်) ကူးစက်မှု မဖြစ်ပွားစေရေးအတွက် တတ်နိုင်သမျှ အိမ်မှာနေ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများလိုက်နာကြရန်၊မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုလည်း အကြိမ်ရေပြည့် မပျက်မကွက်ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်