လဲချား မေ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (စာကြည့်တိုက် လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာအုပ်၊ စာစောင်များကို အမြဲဖတ်ရှု့လေ့လာကြရန် အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နှင့် အပြောင်းအလဲစာအုပ်ကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ လူငယ်များမှ စာဖတ်စွမ်းရည်ကို ယဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၂၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)