မိုင်းငေါ့ မေ ၈
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အိုမီခရွန်မျိုး ရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက် ပြန့်ပွါးမှုကိုကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထာသည့် ကာကွယ်ရေးနည်းလမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူမျာအနေဖြင့် မပျက်မကွက်အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်း ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)