သံဖြူဇရပ် မေ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်တွင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေးနှိုးဆော်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေရှိသည့် ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များအား ပြည်သူများ သိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမုန်တိုင်းအန္တရာယ် နှိုးဆော်ချက်များကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည် မိုးလေဝသသတင်းများကို့ မြန်မာ့အသံရေဒီယိုနှင့် မြန်မာ့ရုပ်မြင်သံကြားသတင်းများကို နားထောင်ကြစေရေး လိုက်လံနှိုးဆော်ပေးလျက်ရှိသည်။
အလားတူ ကျောင်းရွာကျေးရွာတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျေးရွာနေပြည်သူများသိရှိစေရေး ကျေးရွာတာဝန်ရှိသူများမှ ပြောကြားပြီး၊ ဝဲခမိကျေးရွာတွင်လည်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)