မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မက်မန်း မေ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ လူထုစိန်ဝင်း၏ “ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို၊ လက်ထောက်ညွှန်ကြားရေးမှူးက စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်းဖြင့် စာပေချစ်မြတ်နိုးသူအချင်းအချင်း အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိခြင်း၊ စာဖတ်သည့် အလေ့အထများ ရှင်သန်စေခြင်း၊ ဆွေးနွေးပြောဆို တတ်သည့် အလေ့အကျင့်ကောင်းများ ရှင်သန်လာစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် မစုစုလှိုင်က “လူကြီးလူကောင်းစိတ်” ဆောင်းပါးအားလည်းကောင်း၊ မမြသက်မွန်က “ပလတ်စတစ်ခေတ်နဲ့ ဖက်ယဉ်ကျေးမှု” ဆောင်းပါးအားလည်းကောင်း၊ မဝင်းသီရိရွှေက “မျိုးချစ်စိတ်ဆိုတာ မြို့ချစ်စိတ်မှာ အခြေခံတယ်” ဆောင်းပါးအားလည်းကောင်း အသီးသီး ဆွေးနွေး သိရသည်။

အေးဝင်းစိုး( ခရိုင်၊ ပြန်/ဆက်)