ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကျက်သရေဆောင်သီရိမင်္ဂလာ ဗိမာန်တော်ကြီး ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ဟိုပုံး မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျက်သရေဆောင် သီရိမင်္ဂလာ ဗိမာန်တော်ကြီး ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျက်သရေဆောင် သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ပြုလုပ်သည်။

အခမ်းအနားတွင် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တကောဝိဒါဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့‌နောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ‌ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ‌ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တကောဝိဒါဘိဝံသက အနုမောဒနာတရား ချီမြှင့်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်က ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအားဖတ်ကြားတွင်သည်။ ဆက်လက်၍ ဟိုပုံးမြို့နယ် သံဃနာယကဥက္ကဋ္ဌ တုံခမ်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးအာလောက ရေးသားအပ်သော ရေစက်သွန်းတရားတော်အား ဖာလွိုင်ဗွေ လွန်းကျောင်းတိုက် ဆရာတော်ဦးပဏ္ဍဝမှ ဖတ်ကြားပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ အဆိုပါသီရိမင်္ဂလာဗိမာန်တော်ကြီး ၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း(၁၀)ရက်၊ ၂၀၁၆ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)