ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Club အသင်းများ အသစ်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ရန်ကင်း မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဝါသနာတူကလပ်အသင်းများ အသစ်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ယမန်နေ့ နံနက် ၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ CLUB အသင်းများအသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က  (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအား (၁၅) ဦး ဖြင့်လည်းကောင်း၊ (Women Club) အမျိုးသမီးအသင်းအား  (၁၃) ဦး ဖြင့်လည်းကောင်း၊ (Youth Club) လူငယ်များအသင်းအား  (၁၅)ဦးဖြင့် လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်းနှင့် အဆိုပါ ကလပ်အသင်းများ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်  လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ မောင်မြတ်နိုးက Club အသင်းများအား စာပေဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ Book Review များတွင်ပါဝင် ဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီး၊ မိမိတို့ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် စာပေဗဟုသုတများအား ပြန်လည်မျှဝေပြောကြားခြင်း၊ ယနေ့လူငယ်များနှင့် စာပေလောကအကြောင်း၊ မိမိတို့ဖတ်ဖူးမှတ်ဖူး ထားသည့် ယခင်စာပေများအကြောင်း CLUB အဖွဲ့ဝင်များ သိရှိနိုင်ရန် ဆွေးနွေးပြောကြား မျှဝေခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)