ပြင်ဦးလွင်မြို့ Women Club အဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍  ရတနာပုံသီလရှင် စာသင်တိုက်၌ နယ်လှည့်ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်

ပြင်ဦးလွင် မေ ၅

ပြင်ဦးလွင်မြို့ Women Club အဖွဲ့ဝင်များနှင့် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်မြို့ ပင်လိန်အုပ်စု၊ မီးသွေးဖိုကျေးရွာအုပ်စုရှိ ရတနာပုံသီလရှင် စာသင်တိုက်၌ နယ်လှည့်ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ဟောပြောဆွေးနွေးကာ ပြင်ဦးလွင်မြို့ Women Club မှ ဥက္ကဋ္ဌ ဒေါ်ကြူကြူက အမျိုးသမီးဘဝလုံခြုံရေး နှင့် သတိပြုလိုက်နာသင့်သည့် အကြောင်းအရာများအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်သီတာအောင်က ကျန်းမာရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ရတနာပုံ သီလရှင်စာသင်တိုက်မှ သီလရှင် ဆရာလေး (၃၀) ပါးက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြင်ဦးလွင်မြို့ Women Club ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်ရှိ ဆရာလေးများအား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)