တောင်ကုတ်မြို့ ၌ (၇၇)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

တောင်ကုတ် မေ ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ (၇၇)နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က (၇၇)နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားပြီးနောက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်း‌မောင်နှင့်သန္ဓေတပ်ဖွဲ့ဝင်များ၊ အိမ်ထောင် သည် မိသားစုများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)