ပုဗ္ဗသီရိ​မြို့နယ်တွင် သောက်​ရေ အခက်ကြုံနေသော ကျေးရွာများသို့ သောက်ရေသန့် ဂါလံ ၁၂၀၀ လှူဒါန်း

ပုဗ္ဗသီရိ မေ ၅

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့်အမျှ  ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့် ကျေးရွာများသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်​ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ သောက်ရေ သုံးရေလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ ရေလှူဒါန်းမှုတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မင်္ဂလာဒီပ၊ ဇဝနဒီပ၊ သုခဒီပ၊ ရတနာဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက သောက်ရေ အခက်ကြုံ နေသော ဖြုတ်ခွဲကျေးရွာ အုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် စက်ကုန်း​ကျေးရွာများရှိ အိမ်ထောင်စု ၂၇၀ သို့ ​သောက်ရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်ရေသန့် ဂါလံ ၁၂၀၀ အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)